Freelance Yemasae miners sit on top of a hill near the Ngo Pin

Investigation

ကျိန်စာသင့် ရတနာ-

ကျောက်စိမ်း ကြွယ်ဝမှု၊ အသေအပျောက်များ ဖြစ်စေသော ပဋိပက္ခနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန် အလားအလာများ။

Published: 23 April 2019

Read this content in

Introduction

ဓာတ်ပုံဆရာ မင်းဇေယျာ ရိုက်ကူးထားသည့် ပုံများ၏ ထူးခြားချက်မှာ မြန်မာနိုင်ငံ၏ နာမည်ကြီး ကျောက်စိမ်းတွင်းများနှင့် နိုင်ငံကို ဆယ်စုနှစ် များစွာကြာအောင် လွှမ်းမိုးနေခဲ့သည့် စစ်တပ်နှင့် တိုင်းရင်းသားမျိုးနွယ်စုများ အကြားက လက်နက်ကိုင် ပဋိပက္ခများ ဆက်နွှယ် ဆက်စပ်နေပုံကို ရေးချယ်ထားသည့် ဓာတ်ပုံ ခရီးစဉ်တစ်ခု  ဖြစ်ပါသည်။

အကောင်းဆုံး ကြည့်ရှုနိုင်ရန်အတွက် Chrome ဘရောက်ဇာကို အသုံးပြုပြီး အထက်အောက် ရွှေ့ရန် မြားခလုတ်များကို သုံးပါ။ မိုဘိုင်းဖုန်းတွင် ကြည့်ချင်လျှင် အလျားလိုက်ကြည့်မှုက အကောင်းဆုံး ဖြစ်သည်။ နောက်ခံပုံများကို စာသားများ မပါဘဲ အပြည့်အဝ ပြသစေရန် စခရင်၏ ညာဘက် အောက်ရှိ "Showcase" အိုင်ကွန်ကို နှိပ်ပါ။

နိုင်ငံခြားမှာ ကချင်လူမျိုးတစ်ယောက်ကို ‘ခင်ဗျား ဘယ်က လာတာလဲလို့’ မေးလိုက်ရင် အဲ့ဒီ ကချင်လူမျိုးက ‘ကျွန်တော် ကျောက်စိမ်းမြေက လာပါတယ်။’ လို့ ဖြေမှာပါ... ဒါပေမဲ့ ကျွန်တော်တို့ ကချင်လူမျိုးတွေက ဒီကျောက်စိမ်းတွေကနေ ဘာအကျိုးအမြတ်မှ မရရှိပါဘူး... ဒီကျောက်စိမ်းကြောင့် ပဋိပက္ခတွေ ပိုပိုပြီး ဖြစ်ပွားနေပါတယ်။
ကချင် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်
Two freelance jade miners mining jade with iron picks and drills, Hpakant, October 22, 2016. Two freelance jade miners mining jade with iron picks and drills, Hpakant, October 22, 2016.

Two freelance jade miners mining jade with iron picks and drills, Hpakant, October 22, 2016.. Minzayar / Global Witness

Panoramic shot of jade mines

Panoramic shot of jade mines. Minzayar / Minzayar / Global Witness

ကျောက်စိမ်းက ပြည်သူတွေရဲ့ ကျောက်မျက်ရတနာပါပဲ
ကချင် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်

အပိုင်း ၁- ခြုံငုံသုံးသပ်ချက်

Jadeite cabochon & diamond ring, and a jadeite bead necklace

ကချင်ပြည်နယ်၌ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံအထိ တန်ဖိုးရှိသည်ဟု Global Witness မှ ခန့်မှန်းထားသည့် ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်စိမ်းမြေများ ရှိပါသည်။ ယင်းကျောက်စိမ်း အရိုင်း တစ်ကီလိုဂရမ်မှာ အမြင့်ဆုံးဈေးနှုန်း အမေရိကန် ဒေါ်လာ ၂.၈၉

မြန်မာနိုင်ငံ၏ အရပ်သားဦးဆောင်သော အစိုးရသည် တစ်နှစ်တာ အချိန်ကာလအတွင်း ခက်ခဲကြမ်းတမ်းသော အပြောင်းအလဲကို ရင်ဆိုင်နေရပါသည်။ စစ်တပ်၏ အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး အာဏာလွှဲပြောင်း ရယူလိုက်ချိန်တွင် ငြိမ်းချမ်းရေးကို ၎င်း၏ ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်မည်ဟူသော ကတိအတိုင်း ဆောင်ရွက်ပေးနိုင်မည်လား။

လွတ်လပ်ရေး ရစဉ်အချိန်မှစ၍ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများကို ပျက်စီးစေခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၏ ဇာတ်မြစ်ကို ရှာကြည့်လျှင်၊ လုပ်ပိုင်ခွင့်များ၊ ကိုယ်စားပြု ပါဝင်ခွင့်များနှင့် ရင်းမြစ်များ သုံးစွဲခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်မှုပါပဲ။ ထိုအတွက်ကြောင့် ကမ္ဘာပေါ်တွင် အမြတ်အများဆုံး ရရှိသော ကျောက်စိမ်းတွင်းများ ရှိရာ မြန်မာနိုင်ငံ၏ မြောက်ပိုင်း ဒေသတွင် အပြင်းထန်ဆုံးသော တိုက်ခိုက်မှု ဖြစ်ပွားနေခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ စစ်တပ် အထက်တန်းလွှာများက ဒေါ်လာ သန်း ထောင်ပေါင်းများစွာ တန်ဖိုးရှိသော ဤလုပ်ငန်း နယ်ပယ်အပေါ် ၎င်းတို့၏လွှမ်းမိုး ချုပ်ကိုင်မှုကို ဆုံးရှုံးလာရမှာနှင့် ရင်ဆိုင် လာကြရသည့်အတွက် ထိုအကျိုးအမြတ်များကို ခြိမ်းခြောက်နေသော ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး အလားအလာများကို အတိုက်အခံ ပြုနေကြခြင်းဖြစ်သည်။

နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အသစ်များကို ဦးတည် ဆောင်ရွက်လာချိန်တွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ပြီး မီးလောင်ရာ လေပင့်ပေးနေသော သဘာဝ ရင်းမြစ်များ၏ အခန်းကဏ္ဍကို ကိုင်တွယ် ဖြေရှင်းရန် အချိန် ရောက်လာပြီ ဖြစ်သည်။ အဖိုးထိုက်တန်သော  ကျောက်စိမ်းမြေများအား အသုံးချခွင့် ရထားသူများ၊ ကျောက်စိမ်းများ တူးဖော်ထုတ်ယူမှုကို စီမံခန့်ခွဲပြီး ကြီးကြပ်ရမည့် နည်းလမ်းနှင့် ရရှိသည့် အကျိုးအမြတ်များကို မျှဝေခံစားမည့် နည်းလမ်းများကို အထူးအာရုံစိုက်၍ သတ်မှတ် လုပ်ဆောင်ရမည်။ မျှတ၍ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော ကိုင်တွယ်ဖြေရှင်းမှုက ပြည်သူအားလုံးပါဝင်ပြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်ရာတွင်် အရေးပါလှပါသည်။

အပိုင်း ၂- မြောက်ပိုင်းဒေသ စစ်မြေပြင်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများသည် မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ  အဓိကဒေသများ ဖြစ်ကြသည်။ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြည်သူပေါင်း ၁၀၀၀၀၀ ခန့်သည် မိမိတို့ အိမ်ရာများကို ပစ်ပြေးကြရပြီး အချို့မှာ တစ်ကြိမ်ထက်မကပင် ပြောင်းရွှေ့ခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ယခုဆိုလျှင် စစ်တပ်၏ ထိုးစစ်ဆင်မှုက ကျယ်ပြန့်လာသည့် အတွက် ယာယီစခန်းနှင့် ဒေသခံ နယ်မြေများသည် တိုက်ခိုက်မှု အသစ်များကြောင့် ခြိမ်းခြောက်ခံနေရပေသည်။ 

လွန်ခဲ့သည့် နှစ်ထဲတွင် ပဋိပက္ခအရှိန်  ပိုမြင့်လာခဲ့သည်။ ဇန်နဝါရီလ တွက်ဆချက်များအရ တိုက်ခိုက်မှု နောက်ဆုံး ဖြစ်ပွားပြီးချိန်မှစ၍ ဒေသခံ ပြည်သူပေါင်း ၁၀၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ နိုင်ငံတော်မှ ထိန်းချုပ် မထားသည့် ဒေသများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများအား တိုးတိုးကန့်သတ်လာမှုကြောင့် ပဋိပက္ခဒဏ်ကို ပို၍ ဆိုးရွားစွာ ခံစားနေရသည်။ ဒေသခံပြည်သူများက ငြိမ်းချမ်းရေးကို အသည်းအသန် တိုးတိုး တောင်းဆိုလာကြသည်။

A house abandoned by a Kachin family because of the ongoing fighting in Kachin State

ကချင်ပြည်နယ်ရှိ တိုက်ခိုက်မှုကြောင့် ကချင်မိသားစုမှ စွန့်ခွာခဲ့ရသော နေအိမ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ အစိုးရစစ်တပ်က အမြောက်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်... ကျွန်တော်တို့က စစ်တပ်နှစ်ခု အကြားမှာ ဖြစ်နေခဲ့ပါတယ်၊ ပြီးတော့ ကျည်ဆန်တွေက ကျွန်တော်တို့ရွာပေါ်ကို ကျလာပါတယ်....အဲ့ဒါကြောင့် လူကြီးတွေနဲ့ ကျေးရွာ ခေါင်းဆောင်တွေက ကျွန်တော်တို့ ရွှေ့ပြောင်းနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ...မနှစ်က ကျွန်တော်တို့ တစ်ခေါက် ပြန်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးက ယာယီစခန်းတွေမှာ ရှိနေတာကြောင့် အိမ်တွေက ဟင်းလင်းဖြစ်နေပါတယ်။ အဲ့ဒီအိမ်မှာ နေထိုင်ခဲ့ဖူးတော့ ကျွန်တော် အရမ်းကို ဝမ်းနည်းမိရပါတယ်။ ကျွန်တော် ဘယ်လောက်ပဲ အိမ်ပြန်ချင်ပြန်ချင် အဲ့ဒါက မဖြစ်နိုင်ပါဘူး
မူလတန်းကျောင်းဆရာ၊ ပြောင်းရွှေ့ နေထိုင်သူများအတွက် ယာယီစခန်း
တိုက်ခိုက်မှု နောက်ဆုံး ကာလမှာတော့... တပ်မတော်က KIA စခန်းတွေကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ် ... လူတွေလည်း ထွက်ပြေးကြရပါတယ်။ တချို့က [နေခဲ့ပေမဲ့] ကျန်တဲ့ သူတွေကတော့ ထွက်ပြေးကြပါတယ်... ဒီနေရာမှာ ဘဝတွေက အနိမ့်ဆုံးအဆင့် ရောက်နေပြီး အတော်ကို ခက်ခဲလွန်းပါတယ်။
ကျောင်းထိုင်ဘုန်းကြီး၊ ဖားကန့်၊ ကချင်ပြည်နယ်

အပိုင်း ၃- စစ်ပွဲ၏ အကျိုးအမြတ်များ

ကုမ္ပဏီကြီးအားလုံးက စစ်တပ်၊ ခရိုနီနဲ့ အထက်တန်းလွှာ အုပ်စုတွေကို ကိုယ်စားပြုကြပါတယ်။
ဒေသခံ အသိုင်းအဝိုင်း ခေါင်းဆောင်၊ ကချင်ပြည်နယ်

မြန်မာနိုင်ငံ၏ ကျောက်စိမ်းမှ ရရှိသည့် သန်းပေါင်း များစွာသော ငွေများက များစွာ လိုအပ်နေသည့် ဖွံ့ဖြိုတိုးတက်မှုကို အထောက်အကူ ပြုနိုင်ခဲ့ပါသည်။ ထိုသို့လုပ်မည့်အစား သတ္ထုတွင်းများကို အာဏာသိမ်း စစ်အစိုးရခေတ်က နာမည်ဆိုးဖြင့် ကျော်ကြားသူများက အိတ်သွန်ဖာမှောက် စီးပွားရှာနေကြပါသည်။

၂၀၁၁ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် ၁၇ နှစ်နှစ်ကြာ အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှု တစ်ခုအတွင်း စစ်အစိုးရက တန်ဖိုးကြီးသော သတ္ထုသိုက်များကို ပိုင်းဖြတ်ပြီး  အင်အားကြီးသော ကုမ္ပဏီများအား ပေးကမ်းခဲ့ပါသည်။ သတ္ထုတွင်းတွင် ရာစုနှစ်များစွာ အလုပ်လုပ်ခဲ့ကြသည့် ဒေသခံ အသိုင်းအဝိုင်းများကို ပထုတ်ခဲ့ပါသည်။ ရောက်လာကြသည့် လူအသစ်များက ကချင်ပြည်နယ်ထဲရှိ ကျောက်စိမ်းများကို ရှင်းထုတ်ပစ်ရန် လေးလံသော စက်ယန္တရားများနှင့် ကိရိယာအသစ်များကို ယူဆောင်လာခဲ့ကြသည်။

Global Witness ၏ စုံစမ်းမှုများက ကျောက်စိမ်း လုပ်ငန်းထဲတွင် ခြယ်လှယ်နေသော စစ်တပ်မှ အရေးကြီး ပုဂ္ဂိုလ်များစွာကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့အကြားတွင် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တပ်မှူးဟောင်း ဦးအုန်းမြင့်တို့၏ မိသားစုဝင်များနှင့် မြန်မာ့စီးပွားရေး ဦးပိုင်များ စသည့် အမည်ဆိုးဖြင့် ကျော်ကြားသော စစ်တပ်ကုမ္ပဏီများလည်း ပါဝင်ပါသည်။

တရားမျှတသော ငြိမ်းချမ်းရေးကို ညှိနှိုင်း ဆောင်ရွက်လျှင်  ဤသြဇာရှိသော ကွန်ရက်သည် အကျိုးအမြတ်များသော ကျောက်စိမ်း သတ္ထုတွင်းများအား ထိန်းချုပ်ထားမှုကို လက်လွှတ်လာကြရမည်။ သူတို့ဆီတွင် နည်းလမ်းများရှိပြီး စစ်တပ်၏ ဆက်လက် လွှမ်းမိုးမှုဖြင့် ၎င်းတို့၏ အမြတ်အစွန်းတို့အပေါ် ခြိမ်းခြောက်မှု မှန်သမျှကိုမဆို ရှင်းထုတ်နိုင်သည့်အထိ ဆက်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိကြပါသည်။ 

Global Witness မှ မှတ်တမ်း တင်ထားသည့် အတိုင်း မြေပြင်ပေါ်တွင် ကချင်ပြည်နယ်ရှိ တပ်မတော်(စစ်တပ်) အဖွဲ့များက တရားမဝင် ခြိမ်းခြောက်မှုများမှတဆင့် ကြီးမားသော အမြတ်အစွန်းများကို ရယူနေကြရာ အသေးဆုံး ကျောက်စိမ်း လုပ်ငန်းရှင်များ အနစ်နာဆုံး ဖြစ်ပါသည်။ ကျောက်စိမ်းသည် ဤပဋိပက္ခထဲက အခြားတစ်ဖက် အတွက်လည်း ဝင်ငွေရရှိရာ အဓိက ရင်းမြစ်တစ်ခု ဖြစ်ပါသည်။ ကချင််လွတ်မြောက်ရေး တပ်မတော်တွင်် ၎င်း၏ ကိုယ်ပိုင် အခွန်ကောက်ခံမှု စနစ်ရှိပြီး ဝ ပြည်နယ် စစ်တပ်/ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့အပါအဝင် အခြားလူမျိုးစု လက်နက်ကိုင် အုပ်စုများတွင်လည်း ကျောက်စိမ်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး တိုက်ရိုက် အကျိုးစီးပွားများ ရှိကြကြောင်း ပြသနေသည်။

မြန်မာနိုင်ငံရဲ့ ရင်းမြစ်ကြွယ်ဝချမ်းသာမှုတွေကို မြန်မာ ပြည်သူတို့ ပိုင်ဆိုင်ပါတယ်။ စင်္ကာပူနဲ့ ဂျနီဗာတို့မှာ ငွေစုားကြတဲ့ လုယူခဲ့သူတွေ မပိုင်ဆိုင်ပါဘူး... တရားမျှတမှု အားနည်းနေတဲ့အခါမှာ ငြိမ်းချမ်းရေးက အလှမ်းဝေးတဲ့ မျှော်မှန်းချက် တစ်ခုဖြစ်နေပါတယ်... ဒီကမ္ဘာကြီးကို လက်နက်တွေနဲ့ စစ်တပ်တွေရှိတဲ့ [သူတွေ]သာမကဘဲ အားလုံးပိုင်ဆိုင်ပါတယ်။
ခရစ်ယာန် ဘုန်းတော်ကြီး ချားလက်စ် မောင်ဘို၊ ရန်ကုန် ဂိုဏ်းချုပ်

အပိုင်း ၄- တန်ဖိုးကို ပေးဆပ်ခြင်း

ဖားကန့်မှာ အဖိုးတန်တဲ့ ကျောက်စိမ်း တော်တော်များများကို ဆယ်စုနှစ်နဲ့ချီပြီး တူးဖော်လာခဲ့ကြပေမဲ့ ကချင်ပြည်နယ်မှာ စာသင်ကျောင်းတွေ မလုံလောက်သေးဘူး၊ လျှပ်စစ်မီးနဲ့ လမ်းတွေကလည်း တော်တော်ကို ဆိုးပါတယ်။
ဒေသခံ အသိုင်းအဝိုင်း ခေါင်းဆောင်၊ ကချင်ပြည်နယ်
အခုဆို ကျောက်စိမ်း တူးဖော်သူအများစုက ကုမ္ပဏီကြီးတွေ ချန်ခဲ့ကြတဲ့ အကျိုးအပဲ့ အစအနတွေထဲက ကျောက်တွေကိုသာ ရှာဖွေနိုင်ပါတော့တယ်
ကျောက်စိမ်းလုပ်ငန်း ကိုယ်စားလှယ်တစ်ဦး

ကချင်ပြည်နယ် ထဲတွင် ကျောက်စိမ်းသည် အလွန်ကြီးကျယ်သော တရားမမျှတမှု၏ သင်္ကေတ ဖြစ်လာသည်။ 

တရားဝင် သတ္တုတွင်းများစွာကို အင်အားကောင်းပြီး အဆက်အသွယ် ကောင်းသော ကုမ္ပဏီများက ချုပ်ကိုင်ထားစဉ် ကျောက်စိမ်းဖြင့် အသက်မွေး၍ ရှင်သန်ရပ်တည်ရန် ကြိုးစားနေရသည့် ဒေသခံလူများက အန္တရာယ်ရှိသော အခြေအနေများတွင် တရားဝင်မဟုတ်ဘဲ လုပ်ကိုင် ဆောင်ရွက် နေကြရပါသည်။ စီးပွားရှာရန် အခြားပြည်နယ်များမှ ဝင်လာသည့် တရားမဝင်သော ရေမဆေးကျောက်သမား (ကျောက်စိမ်း တူးယူသူများ) ထောင်ပေါင်များစွာ လာကြပြီး ၎င်းတို့နှင့် ပေါင်းမိခဲ့ကြပါသည်။

ဒေသခံ အသိုင်းအဝိုင်းများက အိမ်များ ဆောက်လုပ်ရန် နှင့် ၎င်းတို့၏ သားသမီးများကို ပညာသင်ကြား ပေးရန်အတွက် ဝင်ငွေရရှိရန် မျိုးရိုးစဉ်ဆက်အလိုက် သတ္ထုတွင်းများတွင် အလုပ် လုပ်ကိုင်ခဲ့ကြပါသည်။ ယခုဆိုလျှင် ၎င်းတို့အား ပိတ်ပင်ထားပြီး အရည်အသွေး ကောင်းမွန်သော ကျောက်စိမ်းကို သယ်ယူခြင်း အတွက်ကိုပင် ရာဇဝတ်သား အဖြစ် ပြုမူဆက်ဆံလာကြောင်း တွေ့ရှိနေရပါသည်။ စစ်တပ်မှ ကျောထောက် နောက်ခံ ပြုထားပေးသော ကုမ္ပဏီများက ‘ကချင်ပြည်နယ်၏ ရတနာ’ အပေါ် အလွန်အကျွံ အမြတ်ထုတ် ရယူနေချိန်တွင် ဒေသခံများမှာမူ စစ်ပွဲ၏ ဆိုးကျိုးများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် မူးယစ်ဆေးဝါးများ အလွန်အကျွံသုံးစွဲမှုတို့ကို ခံစားနေရသည်။ ၎င်းသည် ငြိမ်းချမ်းရေးရယူရန် မရှိမဖြစ် အရေးကြီးသော ယုံကြည်မှုကို တည်ဆောက်နိုင်မည့် အခွင့်အရေးများကို လျော့ပါးစေပြီး လူမျိုးစု၏ အမျိုးသားရေး စိတ်ဓာတ်ကို အားဖြည့်သွင်း၍ ဗဟိုအစိုးအပေါ် အမြတ်ဒေါသထွက်မှုနှင့် မကျေမချမ်းနိုင်မှုတို့ကို ရင့်သန်လာစေပါသည်။

အရပ်သား ဦးဆောင်သော အစိုးရသစ်က အစောပိုင်း ကာလများတွင်  ပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် အပြုသဘော စတင် လုပ်ဆောင်ခဲ့ပါသည်။ နောက်တက်မည့် သဘာဝရင်းမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဝန်ကြီးက ဖားကန့်ဒေသကို သွားရောက် ကြည့်ရှုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် အစိုးရက တရားဝင် မူဘောင်တစ်ခုကို ပြင်ဆင်မပြီးမချင်း လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း သို့မဟုတ် လုပ်ကွက်အသစ်များ ချပေးခြင်းတို့ မပြုလုပ်ဘဲ ‘ခေတ္တရပ်နားထားမည်’ ဟု အစိုးရက ကြေညာချက်ခဲ့ပါသည်။ သတ္တုတွင်း ဦးစီးဌာနက ဖားကန့်ဒေသအတွက် လက်ရှိ ပြင်ဆင်နေသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ကို ရေးဆွဲခဲ့ပါသည်။

သို့သော် ကျောက်စိမ်း တူးဖော်ခွင့်လိုင်စင်များ သက်တမ်း ကုန်ဆုံးခါနီး နေရာများတွင် သတ္ထုတူးဖော်ခြင်းကို ဆက်လက ်လုပ်ကိုင်နေပြီး ကျောက်စိမ်းလုပ်ငန်းမှ အကျိုးအမြတ် ရရှိခံစားနေသူများက ၎င်းတို့၏ လုပ်ငန်းကို အပြည့်အဝ ပြန်လည်စတင် လုပ်ကိုင်နိုင်ရန် ဥပဒေများနှင့် စည်းမျဉ်းများကို ပြန်လည် ပြင်ဆင်ပေးရန် အင်တိုက်အားတိုက် တွန်းအားပေးနေသည်။ အစိုးရအနေဖြင့် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပြီး မှန်ကန်သော ဘေးရန်ကာဆီးမှုများ ပြုလုပ်ရန် အချိန်ယူ ဆောင်ရွက်ပြီး ဒေသခံပြည်သူများအပေါ် အကျင့်ပျက် ခြစားမှုနှင့် အခြား ထိခိုက်မှုများမှ ကာကွယ်ပေးရန် အရေးကြီးပါသည်။

ကျောက်စိမ်းတွဲ ပိုင်ရှင်က အနာဂတ်အတွက် မသေချာလို့ ကန့်သတ်ထားတဲ့ အချိန်အတွင်း ရယူနိုင်သမျှ ကျောက်စိမ်း အားလုံးကို ရယူနေပါတယ်။ ကြီးမားတဲ့ စက်ယန္တရား အများအပြားကို အသုံးပြုပါတယ်။ အလောတကြီး လုပ်ကိုင်ရပါတယ်! ပတ်ဝန်းကျင်နဲ့ လူမှုရေးရာ စံသတ်မှတ်ချက်တွေကို မလိုက်နာ နိုင်တာကြောင့် အပျက်အစီးတွေ ဖြစ်ရပါတယ်။
ကျောက်စိမ်းလုပ်ငန်း ကိုယ်စားလှယ်တစ်ဦး
Bodies retrieved from a landslide in November 2015 which killed over 100 people lie inside the compound of Hpakant general hospital.

Bodies retrieved from a landslide in November 2015 which killed over 100 people lie inside the compound of Hpakant general hospital.

အပိုင်း ၅- ပြုပြင်ပြောင်းလဲရေးကို အတိုက်အခံလုပ်ခြင်း

Soldiers in seats

Myanmar military members attend the opening ceremony of Union Peace Conference at NayPyiDaw on January 12, 2016.. Getty / Getty

ပိတ်ကားနောက်ကွယ်က အင်အားတွေက အရာရာတိုင်းကို ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားနေကြပါတယ်။ တပ်မတော်ရဲ့ ထိပ်ပိုင်းသာ ပြောင်းလဲသွားခဲ့ပါတယ်.... [ကျန်တာတွေကတော့] အားလုံးဒီပုံစံအတိုင်း၊ ဒီမျက်နှာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါက အရမ်းကို ကိုးရိုးကားယား အခြေအနေကို ဖန်တီးလိုက်ပါတယ်။ ဝန်ကြီးအသစ်က သူလုပ်ချင်တဲ့ ပြောင်းလဲမှုတွေကို ဘယ်လို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာလဲ။
အစိုးရ အရာရှိဟောင်း တစ်ဦး
A backhoe working at Pho Thar Htoo company mining site in Ngo Pin where Ever Winner, Pho Thar Htoo, Mya U Yin, Yadanar Yaung Chi and Wai companies operate, Hpakant, October 23, 2016.

A backhoe working at Pho Thar Htoo company mining site in Ngo Pin where Ever Winner, Pho Thar Htoo, Mya U Yin, Yadanar Yaung Chi and Wai companies operate, Hpakant, October 23, 2016.. Minzayar

သူတို့က စက်ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေအတွက် ပိုက်ဆံတွေ အကုန်ခံထားတော့ အဲ့ဒါတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး။ ဆောင်ရွက်ရတဲ့ စရိတ်တွေက အလွန်ကြီးပါတယ်။ အဲ့ဒါကြောင့် လုပ်ငန်း ဆက်လက် ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေကို ရှာဖို့လိုအပ်ပါတယ်။ အစိုးရ အမှုဆောင်တွေက အမှားလုပ်နေတဲ့သူတွေကို ပြစ်ဒဏ် ပေးနိုင်မှာလား။ ကျွန်တော်တော့ အဲ့လိုမထင်ဘူး။
ကျောက်စိမ်းလုပ်ငန်း ကိုယ်စားလှယ်တစ်ဦး
Giant jade boulder

[ကျောက်စိမ်းတုံးကြီး၏ ပုံ]- “သူတို့က တတ်နိုင်သမျှ အမြန်ဆုံးနဲ့ အများဆုံး တူးဖော်နိုင်ဖို့ ကြိုးစားကြပါတယ်။ အမေ [ဒေါ်အောင်ဆန်းစုကြည်] က စစ်ဆေးကြည့်ရှုဖို့ လာတော့မှာ ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ကလေးတွေက ကွတ်ကီးဘူးထဲက သူတို့ ရနိုင်သမျှ ကွတ်ကီးတွေကို လုယက်ယူနေကြ

ပဋိပက္ခက ရှိရင်းစွဲအခြေအနေကို ထိန်းသိမ်းဖို့  အကြောင်းပြချက် ကောင်းတစ်ခုကို ပံ့ပိုးပေးပါသည်။ အဓိက ကျောက်စိမ်းတွင်းများက အစိုးရမှ ထိန်းချုပ်ထားသည့် ဧရိယာတွင် ရှိနေသော်လည်း စစ်တပ်က စပ်စုလိုသူများကို ရှင်းထုတ်ပစ်ရန်အတွက် ထပ်တလဲလဲ တိုက်ခိုက်နေသည်။ ကျောက်စိမ်းလုပ်ငန်းအား ဖိအားပေးမှု ရှိလာသည့်အခါမှာ စစ်တပ်ဘက်မှ ထိုးနှက်တိုက်ခိုက်ရန် အကြောင်းပြချက်များကို လက်မလွှတ်တမ်း အသုံးချချင်သည့် ပုံစံမျိုးကို သတိထားမိနိုင်ပါသည်။ အောက်တွင် သာဓကပြထားသည့် အတိုင်း မနှစ်က ဖားကန့်သို့ ဝန်ကြီးကိုယ်တိုင် လာရောက်ကြည့်ရှုပြီးနောက် တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြုပြင်ပြောင်းလဲမှုကို အာရုံမစိုက်နိုင်တော့ပေ။ မြန်မာနိုင်ငံရှိ လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံ တင်ပြသူကဲ့သို့ နိုင်ငံတကာမှ စူးစမ်း လေ့လာသူများက ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သည်များကို လေ့လာရန် သတ္ထုတွင်းများသို့ သွားခါနီးလေးတွင် တားမြစ်ခံခဲ့ကြရသည်။ 

ကျွန်တော်က....ဖားကန့်ကိုသွားဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပါတယ်။” အဲ့ဒါက အစိုးရမှ ထိန်းချုပ်ထားတဲ့ ဧရိယာတစ်ခုဖြစ်ပေမဲ့ နောက်ဆုံး သွားခါနီးအချိန်ထိ ကျွန်တော်သွားမှာကို အစိုးရက အတည်ပြုတာ ဒါမှမဟုတ် ငြင်းပယ်တာ မရှိခဲ့ပါဘူး။ ပြည်နယ်အစိုးရရဲ့ ငြင်းပယ်ချက်အတွက် အကြောင်းအရင်းတွေက ပြည်ထောင်စုအစိုးရရဲ့ တင်ပြချက်တွေနဲ့ ကိုက်ညီမှုမရှိပါဘူး။
မစ္စ ရန်ဟီး လီ၊ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများအတွက် ကုလသမဂ္ဂ အထူး အစီရင်ခံတင်ပြသူ

တစ်ချိန်တည်းမှာပင် အထူးလုပ်ပိုင်ခွင့် ပေးထားသည့် လုပ်ကွက်မြေပုံများနှင့် ရောင်းချမှုဆိုင်ရာ အချက်အလက်များ ကဲ့သို့ ကျေက်စိမ်းနှင့် ပတ်သက်သော ဒေတာများကို လျှို့ဝှက်ထားဆဲ ဖြစ်ပါသည်။ လိုင်စင်ထုတ်ပေးရန် ဆိုင်းငံံ့ထားမှုအား ပြဌာန်းထားသည့် အစိုးရမှ မိမိတို့၏ သတ္တုတွင်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် ခွင့်ပြုပေးရန် ကုမ္ပဏီအချို့က အဖွဲ့များဖွဲ့စည်းပြီး နည်းလမ်းများကို ရှာဖွေနေသည်။ သို့မှသာ ၎င်းတို့အနေဖြင့် ကျောက်စိမ်းများကို ဆက်လက် တူးဖော်ပြီး ကျောက်စိမ်းမှ ရရှိသည့်ဝင်ငွေများကို ဆက်လက် ရရှိနိုင်မည် ဖြစ်သည်။

အပို်င်း ၆- ငြိမ်းချမ်းရေးဆီ ဦးတည်သည့် လမ်းကြောင်း

Small-scale miners working at a non-operational company mining site near Sa-Pot Maw, Hpakant, October 22, 2016.

Small-scale miners working at a non-operational company mining site near Sa-Pot Maw, Hpakant, October 22, 2016.. © Minzayar

ကျွန်တော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို မျှော်လင့်ပြီး ရေဒီယိုကို နားထောင်ကြပါတယ်။ အခြေအနေတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပြီး ၂၁ ရာစု ပင်လုံညီလာခံက မိန့်ခွန်းအားလုံးကို ကျွန်တော်တို့ နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ပိုပြီး ဆိုးရွားလာနေပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ရတော့မယ်လို့ မျှော်လင့်ပြီး TV၊ ရေဒီယိုက သတင်းတွေကို နားထောင်နေပါတယ်။
တိုက်ခိုက်မှုကြောင့် ကျောက်စိမ်းဧရိယာမှ ပြောင်းရွှေ့ခဲ့ရသည့် ရွာသူရွာသား
Daw Augn San Suu Kyi

၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကျင်းပသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး ရရှိရေးကို သူမ၏ နံပါတ်တစ် ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသများတွင် တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာပြီး စစ်ဘေးဒဏ်ကို ပိုမို ခံစားလာရသည့်အတွက် ယုံကြည်မှုများ တဖြည်းဖြည်း မှေးမှိန်လာသည်။ လာမည့် ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးရရှိရန် အကြီးမားဆုံး အဟန့်အတား ဖြစ်နေသည့် ကျောက်စိမ်းနှင့် ပတ်သက်ပြီး ပိုမိုဆွေးနွေးရန် ရွှေရောင် အခွင့်အလမ်း တစ်ရပ်ပင် ဖြစ်ပါသည်။ 

ကချင်ပြည်နယ်ထဲက ယခင် အပစ်အခတ်ရပ်စဲခဲ့မှုများ ထောက်ပြခဲ့ကြသလို အဓိက အငြင်းပွားမှုများနှင့် နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘဲ လက်နက်ချခြင်းက  အလုပ်မဖြစ်ကြောင်း ပြသနေသည်။ ‘ကချင်ပြည်နယ်၏ ကျောက်မျက်ရတနာ’ နှင့်ပတ်သက်ပြီး ရေရှည် တည်တံ့ခိုင်မြဲမည့် ညှိနှိုင်းမှုကို ပြုလုပ်ဖို့ အခြေခံ အုတ်မြစ်ကို စတင် တည်ဆောက်ရန် ယခုအခါ အခွင့်အရေး ရှိနေပါသည်။ ဆိုလိုသည်မှာ ကျောက်စိမ်းကို ရရှိသုံးစွဲပိုင်ခွင့်အား မျှဝေပြီး ယင်းကြောင့် ပေါ်ပေါက်လာသည့် အကျိုးကျေးဇူများကို မျှတစွာ ခံစားရပါမည်။ ရေရှည် တည်တံ့ခိုင်မြဲမည့် ဒေသနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ခြင်း၊ အကျင့်ပျက်ခြစားမှုမှ ကာကွယ်ပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် လူ့အခွင့်အရေးများအား အလွဲသုံးစား ပြုမှုတို့အား ကာကွယ်ခြင်းများ လုပ်ပေးရပါမည်။ 

ကျောက်စိမ်း ကဏ္ဍထဲက ပြုပြင်ပြောင်းလဲမှုက ယခုအခါ တိုးတက်မှုများ ရှိလာခြင်းက တိုက်ခိုက်မှုကို ဖြစ်စေသည့် အဓိကအချက်ကို ရှာဖွေ ဖော်ထုတ်ပြီး ယုံကြည်မှုကို တည်ဆောက်ကာ ပြည်သူများနှင့် ထိုက်တန်သည့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ရရှိအောင် ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်ပါသည်။

Villager sits with her child watching the operations of one of a major jade company

Villager sits with her child watching the operations of one of a major jade company. Minzayar

“မသန့်ရှင်းတဲ့ ငွေကြေးက စီးပွားရေးကို ထိန်းချုပ်နေပြီး အကျင့်ပျက် ခြစားမှုတွေလည်း အများကြီး ရှိနေပါတယ်... ပြည်သူတွေက အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ခြောက်ဆယ်လောက် နေခဲ့ရတော့ စစ်တပ် ထိန်းချုပ်မှုကို လူတွေက ကန့်ကွက်ကြပါတယ်။ ဒီလိုိ ထိန်းချုပ်မှုတွေကနေ ကျွန်တော်တို့ လွတ်လပ်ချင်ပါပြီ။”
မြန်မာလူမှုအဖွဲ့အစည်း ခေါင်းဆောင်
Internally displaced people say prayers in the evening at the Namt Ma-Phyit Roman-Catholic IDP camp which is  home to displaced villagers from villages in and around Hpakant, October 26, 2016.

Internally displaced people say prayers in the evening at the Namt Ma-Phyit Roman-Catholic IDP camp which is home to displaced villagers from villages in and around Hpakant, October 26, 2016.. Minzayar

“ကျွန်မရဲ့ အိပ်မက်က ဘယ်ကုမ္ပဏီက အကောင်းဆုံးလဲ ဆိုတာကို လူ့အဖွဲ့အစည်းကနေ ကိုယ်တိုင် ရွေးချယ်ပေးနိုင်မယ့် အခြေအနေပါပဲ။”
ဒေသခံ အသိုင်းအဝိုင်း ခေါင်းဆောင်၊ ကချင်ပြည်နယ်
“ကျွန်တော်တို့က ပွင့်လင်းမြင်သာမှုကို လိုအပ်ပါတယ်။ ဒါမှ ကချင်ပြည်နယ်နဲ့ ဗဟိုအစိုးရကြားမှာ ယုံကြည်မှု ရှိနိုင်မှာ ဖြစ်ပါတယ်။”
နိုင်ငံရေးသမားဟောင်း

Actions